ဇုန် (ဘီ) စီမံကိန်းအတွက် Joint Venture Agreement အားလက်မှတ်ရေးထိုးခြင်း
ရက်စွဲ။ ။၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက
ဇုန် (ဘီ) စီမံကိန်းအတွက် Joint Venture Agreement အားလက်မှတ်ရေးထိုးခြင်း
မြန်မာသီလ၀ါ အက်(စ်)အီးဇက် ဟိုး(လ်)ဒင်း(စ်) ပက်ဘလစ် လီမိတက် (MTSH) သည် နေပြည်တော်၌ Thilawa SEZ Management Committee (TSMC)၊ MMS Thilawa Development Co., Ltd (MMSTD) နှင့် Japan International Cooperation Agency (JICA) တို့ကြားချုပ်ဆိုသော “Joint Venture Agreement အား တတိယအကြိမ်ပြင်ဆင်ခြင်း” သဘောတူညီချက်အား ယနေ့လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း ကြေညာအပ် ပါသည်။
၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ (၁၀) ရက်နေ့ Myanmar Japan Thilawa Development Limited (MJTD) စတင် တည်ထောင်ခဲ့သည့် အချိန်မှစ၍ သီလ၀ါအထူးစီးပွားရေးဇုန် (အေ) စီမံကိန်းတည်ဆောက်ဖော်ဆောင်ခြင်း၊
ရောင်းချခြင်း လုပ်ငန်းများကိုဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ဇုန် (အေ) အတွင်းရှိ မြေအားလုံးနီးပါးကို ရောင်းချ ပြီးဖြစ်ပါသည်။ ဇုန် (အေ) စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကာလအတွင်း တပြိုင်တည်း ဂျပန်-မြန်မာအဖွဲ့ဝင်များအကြားချုပ်ဆိုခဲ့သည့် နားလည်မှုစာချွန်လွှာ (MOU) များအရ ဇုန် (ဘီ) စီမံကိန်းအား ချဲ့ထွင်ရန် အတွက် ဖြစ်နိုင်ချေအလားအလာ လေ့လာမှုများကို ဆောင်ရွက်ခဲ့ပါသည်။
မူလ Joint Venture Agreement တွင် စီမံကိန်းအားချဲ့ထွင်မှုကို ထည့်သွင်းဖော်ပြထားခြင်းမရှိသဖြင့်၊ ဇုန် (ဘီ) ပထမအဆင့်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရန် မူလ “Joint Venture Agreement အား တတိယ အကြိမ် ပြင်ဆင်ဖြည့်စွက်ခြင်း” ဖြစ်ပါသည်။
ဇုန် (ဘီ) စီမံကိန်းတွင် မြေဧရိယာ (၇၀၀) ဟက်တာ ပါဝင်ပြီး စက်မှုဇုန်လုပ်ငန်းများအတွက် အဓိကရည်ရွယ် သည့် စက်မှုဇုန်ဧရိယာ (Industrial Area) (၂၆၂) ဟက်တာနှင့် လူနေအဆောက်အအုံ၊ စီးပွားရေး၊ ပို့ဆောင်
ထောက်ပံ့ရေးနှင့် စက်မှုလုပ်ငန်းများအတွက်ရည်ရွယ်ထားသော ပို့ဆောင်ရေးအားပြုစက်မှုဇုန်ဧရိယာ (Logistic- Dependent Industrial Area) (၄၃၈) ဟက်တာဟူ၍ (၂) ပိုင်းခွဲခြားထားပါသည်။ ယခု သဘောတူညီချက်အရ ဇုန် (ဘီ) ၏ စက်မှုဇုန်ဧရိယာ (Industrial Area) အတွင်းရှိ မြေ (၁၀၁) ဟက်တာဝန်းကျင်ကို ဇုန် (ဘီ) ပထမအဆင့် စီမံကိန်း (Zone B, Phase-I Project) အနေဖြင့် ကနဦး တည်ဆောက်ဖော်ဆောင်ရန် သဘောတူ
ဆုံးဖြတ်ခဲ့ကြပါသည်။ တချိန်တည်းမှာပင် အဖွဲ့ဝင်များအနေဖြင့် ဇုန် (ဘီ) စီမံကိန်း၏ ကျန်ရှိသောအပိုင်းများကို တည်ဆောက်ဖော်ဆောင်ရန် ဆက်လက်ဆွေးနွေး ဆုံးဖြတ်သွားမည်ဖြစ်ပါသည်။
အသေးစိတ် ကြေညာချက်များကို အချိန်နှင့်တပြေးညီ လျော်ညီစွာ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
အေးဝင်း
အုပ်ချုပ်ရေးနှင့် လူ့ အရင်းအမြစ်ဒါရိုက်တာ